Probiotics က ဘယ်ရောဂါတွေကို သက်သာစေနိုင်သလဲ
Probiotics ဆိုတာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ပိုးမွှားလေးတွေ ဖြစ်ပြီး လုံလောက်တဲ့ ပမာဏရှိနေရင် သို့မဟုတ် လုံလောက်တဲ့ ပမာဏကို စားသုံးရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်ပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို မကောင်းတဲ့ ရောဂါပိုးတွေ ဝင်ရောက်လာတဲ့အခါ အစာအိမ်နာတာ၊ လေပွတာ၊ အစာမကြေတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပါတယ်။ Probiotics တွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး မကောင်းတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။
ဘယ်ရောဂါတွေမှာ probiotics ပေးသင့်လဲ?
Irritable Bowel Syndrome (IBS):
IBS ဆိုတာ အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်တာကြောင့် ဝမ်းမကြာခဏ သွားတဲ့၊ အစာဓာတ်မတည့်သလို လက္ခဏာတွေ ဖြစ်တတ်တဲ့ ရောဂါပါ။ Probiotics က IBS ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။
Antibiotic Associated Diarrhea (AAD):
ပိုးသတ်ဆေးတွေ သောက်ရတဲ့အခါ အူထဲက အကျိုးပြုပိုးမွှားတွေ လျော့နည်းသွားလို့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းသွားတတ်ပါတယ်။ အဲဒီလို ဝမ်းသွားတာကို Probiotics ပေးလို့ ရပါတယ်။ Probiotics က အကျိုးပြုပိုးမွှားတွေ ပြန်လည်ပေါက်ဖွားစေဖို့ ကူညီပေးပါတယ်။ ပိုးသတ်ဆေးနဲ့ Probiotics ကို တစ်ပြိုင်တည်း မသောက်ဘဲ အချိန်ခြားပြီး သောက်ရပါမယ်။
Infectious Diarrhea:
ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းအတွက်လည်း ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ probiotics က အစွမ်းထက်ပါတယ်။
Inflammatory Bowel Diseases:
Ulcerative Colitis လို အူရောင်ပြီး အနာဖြစ်တဲ့ရောဂါတွေမှာ Probiotics ကို သုံးလို့ရပါတယ်။ Probiotics က အူအတွင်းနံရံတွေကို ကျန်းမာအောင် ကူညီပေးမှာပါ။
ဘယ်လောက်ကြာအောင် သောက်ရမလဲ?
ရောဂါအခြေအနေပေါ်မူတည်ပြီး ၁ ပတ်၊ ၂ ပတ်ကနေ လပိုင်းလောက် ကြာတဲ့အထိ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်နိုင်ပါတယ်။ ဖြည့်စွက်စာအနေနဲ့ သုံးနိုင်ပြီး ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ အကယ်၍ ရောဂါက ထူးခြားမလာဘူးဆိုရင် ဆရာဝန်နဲ့ ပြန်လည်ဆွေးနွေးသင့်ပါတယ်။
Probiotics က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရာပါ။ ဖြည့်စွက်စာအနေနဲ့ မသောက်သုံးချင်ရင် Probiotics ကြွယ်ဝတဲ့ သဘာဝအစားအစာတွေ ဖြစ်တဲ့ ဒိန်ချဥ်၊ ချဥ်ဖတ်၊ ကင်မ်ချီ၊ ကီဖာ၊ ပန်းသီးရှာလကာရည် စတာတွေကို ပုံမှန်စားပေးနိုင်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်